21.09.10 06:39최종 업데이트 21.09.10 06:49
  • 본문듣기
지난 2월 1일 군부 쿠데타 이후 수많은 미얀마 언론이 폐간됐고 기자들이 체포·해직됐습니다. <오마이뉴스>는 쓰러진 미얀마 언론을 돕기 위해 긴급캠페인을 진행합니다. 이 글은 미얀마 현지 기자모임 MPA가 쿠데타 세력의 감시가 삼엄한 극한의 상황에서도 직접 취재해 보내온 내용입니다. <오마이뉴스>는 이를 번역해 한국어·미얀마어로 함께 게재합니다. 기사는 앞으로도 계속 이어지며 기사에 대한 후원(좋은기사원고료)은 MPA의 연대단체인 광주아시아여성네트워크를 통해 현지로 전달돼 미얀마 언론과 민주주의를 위해 쓰입니다. 
[편집자말]

군부 쿠데타에 맞선 미얀마의 여성들. ⓒ MPA

 
MPA는 쿠데타 세력 군경이 반 군부독재 활동을 벌이던 중 체포된 여성 활동가를 심문하는 과정에서 각종 성범죄를 저질렀다는 목격자 진술을 확보했다.

지난 5월 에야와디(Ayeyarwaddy)주 마우삔(Maubin)시에서 체포되어 군인들에 의해 심문을 당한 뒤 석방된 한 시민은 당시 취조실에서 보고 들은 일을 회고했다. 그는 아버지와 딸이 함께 체포된 상황에서 군 지휘관이 아버지를 취조하는 장소로 딸을 끌고 와서는 딸의 신체를 만지며 성폭행을 해버리겠다는 등 폭언과 위협을 쏟아내는 걸 목격했다고 밝혔다.


"(군 지휘관이) 거울을 사방에 둘러놓은 취조실에서 저를 두들겨 팬 후 취조실 밖으로 나가다 말고 어린 소녀에 몹쓸 짓을 저지르는 걸 봤다. 그 장면을 지켜봐야 했던 소녀의 부친은 수치심과 분노가 폭발했지만 아무것도 알 수 없는 무력한 상황이었다. 지난 5월에 있었던 일이다.

소녀를 추행한 군 지휘관을 똑똑히 기억한다. 쿠데타 세력 제 11사단 예하 216대대 사령관 뗏린우(Thet Lwin Oo) 중령이다. 사령관에 의해 추행당한 소녀는 많아 봐야 18세 정도로 보였다. 취조실은 경찰서 내에 있었으나 모든 취조는 군인들이 했다. 뗏린우 중령이 이끄는 부대는 현재 친(Chin)주 민닷(Mindat)으로 이동했다."


섬뜩한 경찰의 제보
 

군부 쿠데타에 맞선 미얀마의 여성들. ⓒ MPA

  
목격자 진술처럼 취조과정에서 체포된 여성에 대한 성범죄는 광범위하게 벌어지고 있다. 성희롱, 신체적 추행과 언어적 학대뿐만 아니라 성폭행까지 자행되는 상황이며, 특히 경찰보다는 군인들이 저지르는 성범죄 빈도가 높다고 익명의 경찰 관계자는 MPA에 제보했다. 제보자는 군인들이 경찰로 위장한 뒤 각종 악행을 벌이고 있다고 덧붙였다.

"우리는 군인들이 벌이는 일에 일절 관여하지 않았고 관여할 수도 없다. 심지어 군인들이 우리 제복까지 뺏어 입고 경찰 행세를 하는 걸 그저 지켜볼 수밖에 없는 상황이다. 여성들을 연행해 취조하는 일은 전적으로 군인들이 벌인다. 허나 취조과정에서 문제가 발생해 법적분쟁이 생기면 그 책임은 경찰로 넘어온다. 취조를 하는 군인을 보면 대부분 술이나 약에 잔뜩 취한 상태다. 어떨 때는 사리분별을 못할 정도로 취해 경찰 간부를 보온병을 집어 후려쳐 버린 일도 있었다."

지난 2월 1일 군부가 불법으로 권력을 찬탈한 뒤 반 군부독재 집회에 참여한 시민을 체포하기 위해 점차 포위망을 좁혀오는 과정에서 무장투쟁 활동가나 지하조직과 연관된 젊은 여성 다수가 체포당했다.

여성 인권 운동가들은 심문 중 여성을 대상으로 발생하는 성범죄에 대해 조사를 진행하려 해도 피해자 스스로가 피해 사실의 증언을 두려워한다고 밝혔다. 

특히 "젊은 연령대의 여성 대다수는 군경에 끌려간 뒤 당한 성범죄에 대해 밝히는 것을 몹시 주저하기 때문에 실태파악과 가해자에 대한 법적 처벌이 더욱 어려운 상황"이라고 체포자에게 법적 자문을 제공하는 변호사이자 여성 인권 운동가는 말했다.

"체포된 뒤 취조 과정을 겪고 석방된 여성들을 돕고자 우리가 질문을 해도 피해자들은 안에서 당한 성희롱이나 성추행에 대해 답하는 걸 꺼린다. 군인들이 저지른 범죄를 법적으로 처벌하려 해도 어차피 모든 권력을 군인들이 쥐고 있으니 피해를 당한 당사자들은 차라리 입을 다물고 있는 게 낫다고 여기는 듯하다. 그러나 우리는 모든 증거를 최대한 수집하고 있으며, 이를 토대로 유엔(UN)에 군부의 전쟁범죄를 기소할 예정이다."

글    / MPA(Myanmar Pressphoto Agency)
번역 / 최진배 미얀마투데이(페이스북) 운영자


<미얀마어 (မြန်မာဘာသာ)>

အမျိုးသမီးများကို စစ်ကြောရေး ကာလတွင် အကြမ်းဖက် စစ်တပ်မှလိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားနေ

 

군부 쿠데타에 맞선 미얀마의 여성들. ⓒ MPA

 
အကြမ်းဖက်စစ်တပ်မှ အရာရှိအချို့သည် စစ်အာဏာသိမ်းမှုကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ကန့်ကွက်သော လှုပ်ရှားသူ အမျိုးသမီးများကို ဖမ်းမိပြီးနောက် စစ်ကြောရေးကာလအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ကျူးလွန်ခဲ့ကြောင်း မျက်မြင်တွေ့ရှိရသူ အချို့က MPA သို့ ထုတ်ဖော်ပြောကြားသည်။

ပြီးခဲ့သည့် မေလအတွင်း အဖမ်းခံရပြီး စစ်ကြောရေးတွင် ထုရိုက်နှိပ်စက် စစ်ဆေးနေစဥ်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် သမီးဖြစ်သူ အဖမ်းခံရသော ဖြစ်ရပ်၌ သမီးကို စစ်ကြောရေးဝင်စဥ် တပ်ရင်းမှူးကိုယ်တိုင် ရင်သားကို ကိုင်တွယ်ခြင်း၊ လင်ပြော၊ မယားပြော အသုံးနှုန်းများ ပြောဆိုခြင်းကို ဖခင်ဖြစ်သူရှေ့တွင် ပြုလုပ်နေသည်ကို မြင်တွေ့ခဲ့ရသည်ဟု အဆိုပါ ကာလတွင် အဖမ်းခံရသည့် မအူပင်မြို့ခံတစ်ဦးက ပြောသည်။

"ကျတော့ကို ထုရိုက်ပြီး မှန်ခန်းထဲက အထွက်မှာ သူ့သမီးကို မဖွယ်မရာတွေ လုပ်နေတာ မြင်ရတဲ့ အဖေက ပေါက်ကွဲရော။ အဲ့အချိန်က မေလထဲမှာ။ စစ်နေတာက တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း ၂၁၆ တပ်ရင်းမှူး ဒုဗိုလ်မှူး သက်လွင်ဦးကိုယ်တိုင်လုပ်တာ။ ကလေးမလေးက အသက် အလွန်ဆုံး ၁၈ နှစ်လောက်ပဲရှိမယ်။ စစ်ကြောရေးက ရဲစခန်းထဲမှာပဲ စစ်တပ်က စစ်တာ။ အခု အဲ့တပ်က ချင်းပြည်နယ် မင်းတပ်ကို ရွှေ့သွားပြီ" ဟု ၎င်းက ကိုယ်တိုင် မြင်တွေ့ခဲ့ရပုံကို ပြောသည်။
 

군부 쿠데타에 맞선 미얀마의 여성들. ⓒ MPA

 
စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ကာ စော်ကားမှုများအပြင် မုဒိန်းမှုကျူးလွန်ခြင်းများ မဖြစ်နိုင်ဟု မဆိုနိုင်ကြောင်း၊ အထူးသဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့၏ အရေးပါခြင်းထက် အကြမ်းဖက် စစ်တပ်ကသာ စစ်ကြောရေးကိုကိုင်တွယ်ကြောင်း အမည်မဖော်လိုသူ မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးက MPA သို့ပြောသည်။

မိမိတို့ ရဲတပ်ဖွဲ့ ယူနီဖောင်းဖြင့်ပင် အယောင်ဆောင်ကာ စစ်သားများက ဆန့်ကျင်မှုများကို ကိုင်တွယ်ဖြေရှင်းနေကြောင်း သူက ဆက်ပြောသည်။

"ကျွန်တော်တို့က အဲ့လိုမျိုး စစ်တပ်က လုပ်နေတာတွေ တစ်ခုမှဝင်ပြောခွင့်မရှိဘူး။ ကိုယ့်ရဲဝတ်စုံတောင် သူတို့က ကောက်စွတ်ပြီး ရဲကလုပ်သယောင် လုပ်နေတာ ဒီအတိုင်း ထိုင်ကြည့်နေရတာ။ ကောင်မလေးတွေကို ဖမ်းပြီး စစ်တာလဲ သူတို့ပဲ။ စစ်လို့ပြီးတော့မှ အမှုဖွင့်ဆို ရဲကလုပ်ရတာ။ စစ်တဲ့အချိန်မှာ အဲ့လို စစ်သားတွေက မူးနေတာပဲ။ အခန့်မသင့်ရင် ကျွန်တော်တို့လို အရာရှိတောင် ရေနွေးဓာတ်ဘူးနဲ့ ကောက်ပေါက်ချင်ပေါက်တာ" ဟု သူက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်မှ တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်ပိုင်း ဆန္ဒပြသူများကို ပိုက်စိပ်တိုက် ဖမ်းဆီးသည့်အချိန်မှ ယနေ့အချိန် လက်နက်ဖြင့် တော်လှန်ခြင်း၊ မြေအောက်လှုပ်ရှားမှုများတွင် ပါဝင်သူများကို ဖမ်းဆီးခြင်းများတွင် အမျိုးသမီးငယ်များလည်း အများအပြား ဖမ်းဆီးခံထားရသည်။

စစ်ကြောရေးတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မိန်းကလေးချင်းပင် ဖွင့်ဟရန် ဝန်လေးသည့် အခြေအနေများ တွေ့ကြုံကြရကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

အထူးသဖြင့် အသက်ငယ်ငယ် မိန်းမပျိုလေးများ အများစု ယခုလို ဖမ်းဆီးခံရသော်လည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ငရဲခန်းက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုများကို ထုတ်ဖော်ပြောဆိုရန် ဝန်လေးနေကြသည်ကို အများအပြား တွေ့ရသည်ဟု အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူလည်းဖြစ်သူ၊ အဖမ်းခံရသူများကို ဥပဒေအရ လိုက်ပါကူညီပေးသူ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

"ကျွန်မတို့ အဖမ်းခံရပြီး စစ်ကြောရေး ဖြတ်သန်းခဲ့ရတဲ့ လွတ်လာသူ မိန်းကလေးတွေကို မေးမြန်းတဲ့ဟာမှာ ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ လက်ရော၊ နှုတ်ရော ကျူးလွန်တာကို မပြောချင်ကြဘူး။ စစ်သားတွေလုပ်ခဲ့တာကို ကိုယ့်ဥပဒေနဲ့အညီ ခံခဲ့ရတာ ပြန်တိုင်ဖို့ကလည်း အာဏာက သူတို့လက်ထဲပဲဆိုတော့ ကာယကံရှင်တွေကိုယ်တိုင်က နှုတ်ပိတ်နေတာ အကောင်းဆုံးပဲလို့ ယူဆလိုက်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ အချက်အလက်တွေ ရအောင်တော့စုထားတယ်။ ဒါကို ကုလသမဂ္ဂအထိကို ပေးပို့မှာ" ဟု ၎င်းက ဆိုသည်။ 
 

군부 쿠데타에 맞선 미얀마의 여성들. ⓒ MPA

이 기사의 좋은기사 원고료 363,000
응원글보기 원고료로 응원하기
진실과 정의를 추구하는 오마이뉴스를 후원해주세요! 후원문의 : 010-3270-3828 / 02-733-5505 (내선 0) 오마이뉴스 취재후원

독자의견


10만인클럽후원하기
다시 보지 않기